Xinhua; May-30 (Mon)
တူရကီနိုင်ငံသည် အကြမ်းဖက်ဝါဒအား ထောက်ပံ့ပေးလျက်ရှိသော နိုင်ငံ များကို NATO အဖွဲ့သို့ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သမ္မတ ရီဆက်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) က မေလ ၂၉ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆွီဒင်-ဖင်လန် ပူးတွဲကိုယ်စားလှယ်အဖွဲ့သည် တူရကီနိုင်ငံနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန် တူရကီအရာရှိများ၊ သံတမန်များနှင့် တူရကီနိုင်ငံ၏ မြို့တော် အန်ကာရာ (Ankara) ၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးမှု အတွင်း တူရကီတာဝန်ရှိသူများက ကာ့ဒ်အလုပ်သမားပါတီ (PKK) နှင့် အခြားသော တူရကီဆန့်ကျင်ရေးအဖွဲ့များအပေါ် ဆွီဒင်နှင့် ဖင်လန်တို့မှ ထောက်ပံ့ပေးနေမှုများကို ရပ်စဲသွားရန်နှင့် ၎င်းတို့နိုင်ငံအပေါ် ချမှတ်ထားသည့် လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့မှုများအား ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော် အဆိုပါစေ့စပ်ညှိနှိုင်းမှု သည် မျှော်လင့်ထားသည့်အဆင့်သို့ မရောက်ရှိခဲ့ကြောင်းနှင့် ၎င်းနိုင်ငံများသည် NATO အဖွဲ့ဝင်ဖြစ်ရန် မျှော်လင့်ချက်များရှိသော်လည်း တူရကီနိုင်ငံမှ တောင်းဆိုထားသည့် အချက်များအား ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အပြင် တူရကီနိုင်ငံ၏ ကာ့ဒ်သူပုန်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကိုလည်း ဝေဖန်မှုပြုလုပ်ခဲ့ကြောင်း အာဒိုဂန်က ပြောကြား ခဲ့ပါသည်။
No comments:
Post a Comment