Sunday, June 5, 2022

ဂရိသမ္မတနှင့် တရုတ်သမ္မတတို့သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၅၀)ပြည့်အထိမ်းအမှတ်အဖြစ်ဂုဏ်ပြုသဝဏ်လွှာ များ အပြန်အလှန်ပေးပို့ခဲ့ခြင်း

 

    ဂရိသမ္မတ ကတ်တာရီနာဆက်ကယ်လာရိုပူလို (Katerina Sakellaropoulou) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) တို့သည် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၅၀)ပြည့်အထိမ်းအမှတ်အဖြစ် ဇွန်လ ၅ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာ များ အပြန်အလှန်ပေးပို့ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ဂရိသမ္မတ ဆက်ကယ်လာရိုပူလိုက ၎င်းတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် လွန်ခဲ့သည့် ဆယ်စုနှစ် ၅ ခုအတွင်း ဂရိနှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားယုံကြည်မှုတို့ဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့ကို ဖော်ဆောင်နိုင်ခဲ့ကြောင်း အလေးထားဖော်ပြခဲ့ပါသည်။ သမ္မတ ရှီအနေဖြင့်လည်း တရုတ်-ဂရိ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး သံတမန်ဆက်ဆံရေး နှစ် (၅၀)ပြည့်အထိမ်းအမှတ်အဖြစ် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ် များ၌ ဂရိနိုင်ငံနှင့် အတူတကွလက်တွဲဆောင်ရွက်သွားရန်အသင့်ရှိသည်ဟု ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment