Ahvalnews;Jun-6(Mon)
တူရကီနိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုမြင့်တက်မလာစေရေး လုပ်ဆောင် နေမည့်အစား နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက်သာ ဦးစားပေးလုပ်ဆောင်သွား မည်ဖြစ်ကြောင်း တူရကီဘဏ္ဍာရေးဝန်ကြီး နာရေဒီနဘားတီ (Nureddin Nebati) က ပြောကြားခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ရန်အတွက် ဗဟိုဘဏ်အတိုးနှုန်း မြှင့်တင်ခြင်းဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းအောင် လုပ်ဆောင်နိုင်သော်လည်း ထိုသို့လုပ်ဆောင်လိုက်ပါက ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကိုပါ ဆိုးကျိုးသက်ရောက် စေလိမ့်မည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးတိုးတက်မှု အတူတကွ ဖြစ်ပေါ်လာသောအနေအထားကိုသာရွေးချယ်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြား ခဲ့ခြင်းဖြစ်ပါသည်။
ယမန်နှစ်က ဗဟိုဘဏ်၏အတိုးနှုန်း ၁၉ မှ ၁၄ ရာခိုင်နှုန်း လျှော့ချထားမှုကို ပြန်လည်ပြင်ဆင်ခြင်းမပြုသောကြောင့် တူရကီနိုင်ငံအတွင်း စားသုံးသူဈေးနှုန်းများမှာ မေလတွင် ၇၃.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ ပြည်ပမှကုန်ပစ္စည်းတင်သွင်းမှု အပေါ်တွင်လည်း များစွာရိုက်ခတ်ခဲ့ပါသည်။ ဘဏ်တွင် တူရကီသုံးငွေ လိုင်ရာ (Lira) ဖြင့်အပ်နှံငွေများအား အမေရိကန်ဒေါ်လာပြောင်းလဲစာရင်းဖွင့်ပေးခြင်းကို ပြီးခဲ့သည့် မေလက စတင်လုပ်ဆောင်ပေးခဲ့ပါသည်။ အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကိုမမှုဘဲ စီးပွားရေးတိုးတက်ရေးအတွက် အာရုံစိုက်နေရခြင်းမှာ ဝင်ငွေနည်းလူတန်းစားများ အတွက် ဝင်ငွေပိုမိုတိုးတက်လာစေရေးအတွက်ဖြစ်ကြောင်း သိရှိရပါသည်။
Ref;Turkey chose to grow economy rather than battle inflation minister says
No comments:
Post a Comment