Monday, June 6, 2022

ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

     ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇက်ဘစ်နျူးရောယ် (Zbigniew Rau) သည် ၎င်းနိုင်ငံသို့ရောက်ရှိနေသည့် မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီး ဘတ်ဆပ်ဆေ့ဘတ်မွန်ခ် (Battsetseg Batmunkh) နှင့် ဇွန်လ ၆ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်ပယ် ကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာလုပ်ဆောင်ရန် သဘော တူညီခဲ့ကြပါသည်။ နှစ်နိုင်ငံဝန်ကြီးများသည် တွေ့ဆုံမှုအတွင်း ကုန်သွယ်ရေး၊ စီးပွားရေး၊ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်ကဏ္ဍများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန် သဘောတူညီခဲ့ကြကြောင်း မွန်ဂိုလီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖော်ပြခဲ့ပါ သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန်အတွက်လည်း သဘောတူညီကြောင်း သိရှိရပါသည်။

No comments:

Post a Comment