လတ်ဗီးယားနိုင်ငံအနေဖြင့် ဂျော်ဂျီယာနိုင်ငံအား NATO အဖွဲ့ဝင်နိုင်ငံဖြစ်စေရေး ထောက်ခံအားပေးကြောင်း လတ်ဗီးယားနိုင်ငံခြားရေးဝန်ကြီး အက်ဂါစ်ရန့်ကဲဗစ် (Edgars Rinkevics) က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်ဟု Agenda သတင်းဌာနက ဇွန်လ ၁၃ ရက်၌ ရေးသားဖော်ပြခဲ့ပါသည်။ အဖွဲ့ဝင်နိုင်ငံသစ်လက်ခံရေးသည် NATO အဖွဲ့၏ တံခါးဖွင့်မူဝါဒအား ထင်ဟပ်စေရန် အရေးကြီးသည့်အချက်ဖြစ်သော်လည်း ဥရောပသမဂ္ဂနှင့် NATO အဖွဲ့တို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံသစ်များ ထပ်မံထည့်သွင်းရန် အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံး၏ သဘောဆန္ဒလိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်၌မူ ဂျော်ဂျီယာနိုင်ငံသည် NATO အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးနှင့်စပ်လျဉ်း၍ NATO အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီချက်ရရှိသေးခြင်း မရှိကြောင်း ရန့်ကဲဗစ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment