Monday, July 25, 2022

ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ကာ့ဒ်စစ်သွေးကြွများအတွက် ခိုလှုံရာနေရာများ ဖြစ်သည်ဟု တူကီယဲသမ္မတကပြောကြားခဲ့ခြင်း

    ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့သည် ကာ့ဒ်စစ်သွေးကြွများအတွက် ခိုလှုံရာနေရာများ ဖြစ်သည်ဟု တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စွပ်စွဲထားကြောင်း New 18 သတင်းဌာနက ဇူလိုင်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ပြီးခဲ့သည့်လအတွင်း လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်အရ ဆွီဒင်နှင့် ဖင်လန်နိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကို လွှဲပြောင်းမပေးပါက ၎င်းတို့၏ နေတိုး အဖွဲ့သို့ ပူးပေါင်းရန်ကမ်းလှမ်းမှုကို တူကီယဲနိုင်ငံက ပိတ်ပင်မည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ၎င်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွထိန်းချုပ်ထားသောနယ်မြေများကို စစ်ရေး အရ ထိုးစစ်အသစ်ဆင်နွှဲရန် ခြိမ်းခြောက်လျက်ရှိသည်ဟု သိရှိရပါသည်။

 

No comments:

Post a Comment