Monday, July 25, 2022

ရုရှားနိုင်ငံနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်လာစေရန် တူကီယဲနိုင်ငံက မျှော်လင့်လျက်ရှိခြင်း

 

Tass;Jul-26(Tue)

              တူကီယဲနှင့် ရုရှားနိုင်ငံ၏ဆက်ဆံရေးသည် အပြုသဘောဆောင်စွာတိုးတက် လျက်ရှိကြောင်းနှင့် ထိုကဲ့သို့တိုးတက်လျက်ရှိသည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ် လိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Tayyip Erdogan) က ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံသဘောထားကွဲလွဲမှု အချို့ရှိသော်လည်း အပြုသဘောဆောင်သော နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှုမရှိ ကြောင်း၊ နှစ်နိုင်ငံအကျိုးစီးပွားနှင့် အလားအလာရှိသောနယ်ပယ်များတွင် ရုရှားနိုင်ငံနှင့် ဆက်ဆံရေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ကျင်းပသော Astana သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး၏ ဆက်စပ် အစည်းအဝေးအဖြစ် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့်ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုများသည် အလွန်ပင်အပြုသဘောဆောင်ကြောင်းနှင့် အရေးကြီးကိစ္စရပ်များ ကိုလည်း ဆွေးနွေးနိုင်ခဲ့ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။

              အဆိုပါဆွေးနွေးမှုအတွင်းတွင် တူကီယဲနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ယူကရိန်း အကျပ်အတည်းပြေလည်စေရေးကိစ္စနှင့် ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့နိုင်ရေးကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ကြပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများဆက်လက်လုပ်ဆောင်ရန် အစီအစဉ်များကိုလည်း အတည်ပြု ခဲ့ကြပါသည်။ ထို့ပြင် တူကီယဲနိုင်ငံသည် အာမေးနီးယားနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်နိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိကြောင်း တူကီယဲသမ္မတက ဆက်လက် ပြောကြားခဲ့ပါသည်။ တူကီယဲနှင့် အားမေးနီးယားအထူးသံတမန်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးအတွက် ဇူလိုင်လ ၁ ရက်တွင် တွေ့ဆုံခဲ့ကြပြီး သဘော တူညီချက်အချို့ရရှိခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment