Sunday, July 31, 2022

ဥရောပသမဂ္ဂသည် ကိုဆိုဗိုနှင့် ဆားဘီးယား နှစ်နိုင်ငံအား ဘရက်ဆဲလ်မြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် ဖိတ်ကြားခဲ့ခြင်း

Anadolu Agency; Aug-1 (Mon)

ကိုဆိုဗိုနှင့် ဆားဘီးယားတို့ကြား နယ်စပ်စည်းမျဉ်းအသစ်များနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေစဉ် ဥရောပသမဂ္ဂအဖွဲ့၏ ပြည်ပရေးရာဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ပီတာစတန်နို (Peter Stano) သည် ဩဂုတ်လ ၁ ရက်တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် (Brussels) မြို့၌ ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးအခြေအနေအားထိန်းသိမ်းရန် တိုက်တွန်းခဲ့ပြီး ၎င်းတို့နှစ်နိုင်ငံအား ဘရပ်ဆဲလ် မြို့၌ ဆွေးနွေးပွဲများပြုလုပ်ရန် ဖိတ်ကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့အကြားတင်းမာမှု သည် မြေပြင်တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်စေပြီး ပြည်သူများ၏ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို အဟန့်အတားဖြစ်စေကြောင်းကိုလည်း ပီတာစတန်နိုက သတိပေး ပြောကြားခဲ့ပါသည်။ အငြင်းပွားမှုမှန်သမျှကိုဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်လူမျိုးများအပါအဝင် လူတိုင်းအတွက် ကိုဆိုဗို မှတ်ပုံတင်ကတ်ပြားနှင့် လိုင်စင်နံပါတ်ပြားရှိရန် သြဂုတ်လ ၁ ရက်တွင် စတင်အသက် ဝင်မည့် ကိုဆိုဗိုဥပဒေသစ်အား မပြဋ္ဌာန်းမီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြသူများသည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုဖြစ်သည့် ဂျာရင်ဂျီ (Jarinje) နှင့် ဘန်ဂျက် (Bernjak) ဆီသို့ ဦးတည်သောလမ်းများကို ပိတ်ဆို့ခဲ့ပြီး ကိုဆိုဗိုရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်မှု များကို ကန့်သတ်တားမြစ်ခဲ့ပါသည်။ ကိုဆိုဗိုသည် ယခုအခါ နယ်စပ်စည်းမျဉ်းသစ်ကို အကောင် အထည်ဖော်ရန် အချိန်တစ်လရွှေ့ဆိုင်းထားပါသည်။ ဥရောပသမဂ္ဂအဖွဲ့၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrell) က ကိုဆိုဗို၏ အစီအမံများကို စက်တင်ဘာလ ၁ ရက်သို့ရွှေ့ဆိုင်းရန်ဆုံးဖြတ်ချက်အား ကြိုဆိုခဲ့ပြီး လမ်းပိတ်ဆို့မှု အားလုံးကို ချက်ချင်းဖယ်ရှားပေးရန် မျှော်လင့်ကြောင်းနှင့် ဥရောပသမဂ္ဂ၏ ပေါင်းစည်းရေး လမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်သော ၎င်းတို့၏ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် အဓိကထား လုပ်ဆောင်သင့်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့ ပါသည်။ ဥရောပသမဂ္ဂအဖွဲ့ဦးဆောင်သော Belgrade-Pristina ဆွေးနွေးပွဲသည် ဘော်လ်ကန် နိုင်ငံနှစ်နိုင်ငံကြား ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်နှင့် တရားဝင်ချုပ်ဆိုထားသော သဘော တူညီချက်မူဘောင်အတွင်းမှနေ၍ အငြင်းပွားမှုများအား နှစ်ဦးနှစ်ဖက် သဘောတူညီ နိုင်သည့် အဖြေကိုရှာဖွေရန်ရည်ရွယ်၍ ၂၀၁၁ ခုနှစ်တွင် စတင်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

သုံးသပ်ချက် 
    အယ်လ်ဘေးနီးယန်းလူမျိုးအများစုနေထိုင်သည့် ကိုဆိုဗိုသည် ၁၉၉၉ ခုနှစ်တွင် ဆားဘီးယားနိုင်ငံမှခွဲထွက်ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်လပ်ရေးကြေညာခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကို အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် တူကီယဲအပါအဝင် နိုင်ငံပေါင်း ၁၀၀ ကျော်က အသိအမှတ်ပြုထားသော်လည်း ဆားဘီးယားနိုင်ငံသည် ကိုဆိုဗို၏ လွတ်လပ်ရေး ကြေညာမှုကို အသိအမှတ်မပြုသည့်အပြင် ၎င်းတို့ပိုင်ဆိုင်သည့် နယ်မြေတစ်ခုအဖြစ် ဆက်လက်ထားရှိနိုင်ရေး လုပ်ဆောင်လျက်ရှိပါသည်။ ကိုဆိုဗိုရှိအရာရှိများသည် သြဂုတ်လ ၁ ရက်မှစတင်ကာ ဆားဘီးယားနိုင်ငံမှ ဝင်ရောက်လာသောယာဉ်များကို ကိုဆိုဗို လိုင်စင်နံပါတ်ပြားများ အစားထိုးလဲလှယ်ရန်စီစဉ်ခဲ့ပြီး ယခုလုပ်ဆောင်မှုမျိုးကို လွန်ခဲ့သော ၁၁ နှစ်အတွင်း ဆားဘီးယားက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုဆိုဗိုသည် ၎င်း၏ ဆာ့ဘ်လူနည်းစုတိုင်းရင်းသားများကို နယ်စပ်ဖြတ်ကျော်သည့်အခါ ဆားဘီးယားနိုင်ငံသား များ၏ သက်သေခံကတ်ပြားများကိုသာ အသုံးပြုမှုအားပိတ်ပင်ရန် စီစဉ်လျက်ရှိသည်။ ကိုဆိုဗိုတွင်နေထိုင်သော ဆာ့ဘ်များအပါအဝင် နိုင်ငံသားတိုင်းအတွက် ကိုဆိုဗိုမှတ်ပုံတင် ကတ်ပြားနှင့် လိုင်စင်နံပါတ်ပြားရှိရန် သြဂုတ်လ ၁ ရက်တွင် စတင်အသက်ဝင်မည့် ကိုဆိုဗိုဥပဒေသစ်မတိုင်မီ ဇူလိုင်လ ၃၁ ရက်တွင် နှစ်ဖက်အကြားတင်းမာမှုများ မြင့်တက် လာခဲ့ခြင်းဖြစ်ပါသည်။ ဆန္ဒပြသူများသည် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခုဖြစ်သည့် ဂျာရင်ဂျီ (Jarinje) နှင့် ဘန်ဂျက် (Bernjak) ဆီသို့ ဦးတည်သောလမ်းများကို ပိတ်ဆို့ ခဲ့ပြီး ကိုဆိုဗိုရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်မှုများကို ကန့်သတ်ခဲ့ပါသည်။ ကိုဆိုဗိုသည် ယခုအခါ နယ်နိမိတ်စည်းမျဉ်းသစ်ကို အကောင်အထည်ဖော်ရန် အချိန်တစ်လ ရွှေ့ဆိုင်း ထားပါသည်။ ဥရောပသမဂ္ဂအဖွဲ့၏ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရယ် (Josep Borrell) က ကိုဆိုဗို၏ အစီအမံများကို စက်တင်ဘာလ ၁ ရက်သို့ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ချက်အား ကြိုဆိုခဲ့ပြီး လမ်းပိတ်ဆို့မှုအားလုံးကို ချက်ချင်းဖယ်ရှားပေးရန် မျှော်လင့်ကြောင်းနှင့် ဥရောပသမဂ္ဂ၏ ပေါင်းစည်းရေးလမ်းကြောင်းအတွက် မရှိမဖြစ် လိုအပ်သော ၎င်းတို့၏ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်စေရန် အဓိကထားလုပ်ဆောင် သင့်ကြောင်း ပြောကြားထားပါသည်။ ထို့ကြောင့် ကိုဆိုဗိုနှင့် ဆားဘီးယားအကြား ဆွေးနွေးပွဲများ ပြုလုပ်နိုင်မှသာ နှစ်နိုင်ငံအကြား တင်းမာမှုမှာလည်း လျော့ကျနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

No comments:

Post a Comment