Monday, August 1, 2022

စပိန်နိုင်ငံသည် အယ်လ်ဘေးနီးယားနိုင်ငံသားများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ဥရောပသမဂ္ဂအတွင်းသို့ ဝင်ရောက်နိုင်ရေးတို့နှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အသင့်ရှိခြင်း

         စပိန်နိုင်ငံသည် အယ်လ်ဘေးနီးယားနိုင်ငံသားများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ဥရောပသမဂ္ဂအတွင်းသို့ ဝင်ရောက်နိုင်ရေးတို့နှင့်ပတ်သက်၍ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ် (Pedro Sanchez) က အယ်လ်ဘေးနီးယားနိုင်ငံ၊ မြို့တော် တီရာနာ (Tirana) ၌ အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အဒီရာမာ (Edi Roma) နှင့်အတူပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၂ ရက်တွင် ‌ဖော်ပြခဲ့ပါသည်။

ထို့ပြင် ခေါင်းဆောင် ၂ ဦးအနေဖြင့် နှစ်နိုင်ငံအကြား နိုင်ငံတကာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်‌ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ တွေ့ဆုံမှုအတွင်း စပိန် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အခြေခံအဆောက်အဦကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စွမ်းအင် ကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍတို့တွင်လည်း အပြန်အလှန်ဆက်ဆံရေးများ ပိုမိုခိုင်မာ အားကောင်းလာစေရန် ဆောင်ရွက်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

No comments:

Post a Comment