အမေရိကန်နိုင်ငံသည် မော်ဒိုဗာနိုင်ငံသို့ လက်နက်များလျှို့ဝှက်ပေးပို့လျက် ရှိကြောင်း မော်ဒိုဗာသမ္မတဟောင်း အီဂေါဒိုဒွန် (Igor Dodon) က ပြောကြားခဲ့သည်ဟု Tass သတင်းဌာနက ဇူလိုင်လ ၈ ရက်တွင် ဖော်ပြခဲ့ပါသည်။ မကြာသေးမီရက်များ အတွင်းက အမျိုးအမည်မသိပစ္စည်းများတင်ဆောင်လာသော အမေရိကန်စစ်ဘက် လေယာဉ်များသည် မြို့တော် ချီဆင်နျူး (Chisinau) သို့ ရောက်ရှိလာခဲ့ကြောင်းနှင့် အဆိုပါပစ္စည်းများသည် စစ်လက်နက်ပစ္စည်းများဖြစ်သည်ဟု နောက်ပိုင်းမှသိရှိခဲ့ရ ကြောင်းလည်း ၎င်းက Publika TV သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခု အတွင်း ပြောကြားခဲ့ပါသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း ဥရောပသမဂ္ဂ သည် မော်ဒိုဗာနိုင်ငံအတွက် ယူရို သန်း ၄၀ တန်ဖိုးရှိသည့် အကူအညီပေးရေး အစီအစဉ်တစ်ရပ်အား ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment