အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ (Isaac Herzog) သည် ချက်သမ္မတ မီလို့စ်ဇီမန် (Miloš Zeman) ၏ ဖိတ်ကြားချက်အရ ဇူလိုင်လ ၁၀ ရက်ညနေပိုင်းတွင် ချက်နိုင်ငံသို့ တစ်ရက်ကြာချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ကြောင်း အစ္စရေးပြည်တွင်း သတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ သမ္မတ ဟာဇော့သည် ၎င်းခရီးစဉ်အတွင်း ချက်နိုင်ငံ၊ မြို့တော် ပရာ့ဂ် (Prague) ၌ ချက်ဝန်ကြီးချုပ် ပတ်ဖီရာလာ (Petr Fiala)၊ အထက်လွှတ်တော်ဥက္ကဋ္ဌ၊ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့အရာရှိများနှင့်အတူ သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ပါသည်။ သမ္မတ ဟာဇော့သည် ဇူလိုင်လ ၁၁ ရက်တွင် သမ္မတ ဇီမန်အပါအဝင် မြို့တော် ပရာ့ဂ်ရှိ ဂျူးလူမှုအဖွဲ့အစည်း များနှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment