Xinhua; Jul-7(Thu)
တူကီယဲနိုင်ငံသည် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းမှု အတွက် နော်ဒစ်နိုင်ငံများနှင့်ပြုလုပ်ထားသည့် သဘောတူညီချက်အရ အကြမ်းဖက် သံသယရှိသူများကို လွှဲပြောင်းပေးရေးကို ဇူလိုင်လ ၆ ရက်တွင် ထပ်မံတောင်းဆိုခဲ့ ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ယခင်ပယ်ချ ခံခဲ့ရသော တောင်းဆိုချက်အချို့ကို ပြန်လည်တောင်းဆိုခဲ့ပြီး မတုံ့ပြန်သေးသော တောင်းဆိုချက်အချို့ကိုလည်း ပြန်လည်သတိပေးခဲ့ကြောင်း တူကီယဲတရားရေးဝန်ကြီး ဘီကီယာဘော့ဇ်ဒက် (Bekir Bozdag) က Haber Global ရုပ်သံလိုင်းနှင့်ပြုလုပ်သည့် အင်တာဗျူးအတွင်း ပြောကြားခဲ့ပါသည်။ တူကီယဲသည် နိုင်ငံတကာနှင့် နှစ်နိုင်ငံသဘော တူညီချက်များအရ အကြမ်းဖက်သံသယရှိသူများကို လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ သော်လည်း ဖင်လန်နှင့် ဆွီဒင်တို့အနေဖြင့် ယခင်ကပင် တုံ့ပြန်ဆောင်ရွက်ခြင်းမရှိ ခဲ့ကြောင်း ဘော့ဇ်ဒက်က ပြောကြားခဲ့ပါသည်။ နော်ဒစ်နိုင်ငံများဖြစ်သည့် ဖင်လန်နှင့် ဆွီဒင်တို့သည် တူကီယဲနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သော ကာဒစ်စတန်အလုပ်သမားပါတီ (PKK) နှင့် ဖက်သူလက် ဂူလန်အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်နေသည့် သံသယရှိသူများကို လွှဲပြောင်းပေးရန် တောင်းဆိုမှုများကိုပယ်ချခဲ့ခြင်းကြောင့် NATO အဖွဲ့ထံ ဝင်ရောက်မည့် ၎င်းတို့၏ လုပ်ငန်းစဉ်များကို တူကီယဲနိုင်ငံက အစောပိုင်းကာလတွင် ပိတ်ဆို့တားမြစ်ခဲ့ပါသည်။
ဇွန်လ ၂၈ ရက်တွင် မက်ဒရစ်မြို့၌ပြုလုပ်ခဲ့သည့် NATO ထိပ်သီးအစည်းအဝေး အတွင်း တူကီယဲသည် ဆွီဒင်နှင့် ဖင်လန်အပေါ်ချမှတ်ထားသည့် ၎င်း၏ဗီတိုအာဏာကို မရုပ်သိမ်းမီနားလည်မှုစာချွန်လွှာတစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါစာချွန်လွှာတွင် ဖင်လန်နှင့် ဆွီဒင်တို့သည် တူကီယဲ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးကို ထောက်ပံ့သွားရန် ကတိပြုခဲ့ပြီး အကြမ်းဖက်မှုဆိုင်ရာ သံသယရှိသူများအား နေရပ်ပြန်ပို့ခြင်း၊ သို့မဟုတ် လွှဲပြောင်းပေးရေးတောင်းဆိုမှုများကို အရှိန်အဟုန်ဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်းရန် သဘော တူညီခဲ့ကြကာ ၎င်းကိစ္စရပ်အတွက် စောင့်ကြည့်ရေးကော်မတီတစ်ခုကို ဖွဲ့စည်းထားခဲ့ ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment