Wednesday, August 10, 2022
တူကီယဲသည် Abdulhamid Han အမည်ရှိ စွမ်းအင်ရှာဖွေရေးသင်္ဘောအား မြေထဲပင်လယ်ရှိ အန်တာယာပြည်နယ် ကမ်းလွန်နေရာများသို့ ဟိုက်ဒရိုကာဗွန်ရှာဖွေရေးအတွက် စေလွှတ်သွားမည်ဆိုခြင်း
တူကီယဲနိုင်ငံအနေဖြင့် Abdulhamid Han အမည်ရှိ စွမ်းအင်ရှာဖွေရေး သင်္ဘောအား မြေထဲပင်လယ်ရှိ အန်တာယာ (Antalya) ပြည်နယ် ကမ်းလွန်နေရာများသို့ ဟိုက်ဒရိုကာဗွန်ရှာဖွေရေးအတွက် စေလွှတ်သွားမည်ဖြစ်ကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောကြားခဲ့သည်ဟု TRT World သတင်းဌာနက ဩဂုတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ပင်လယ်နက်အတွင်း ဓာတ်ငွေ့ထုတ်ယူရေးပထမအဆင့်တွင် ရေနံတွင်း ၁၀ တွင်းကို အပြီးသတ်တူးဖော်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းနေရာမှရရှိသော သဘာဝဓာတ်ငွေ့များကို ၂၀၂၃ ခုနှစ်တွင် တူကီယဲနိုင်ငံသို့ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့ပါသည်။ အဆိုပါသင်္ဘောသည် အဆင့်မြင့်နည်းပညာများပါဝင်သည့် သတ္တမမြောက် မျိုးဆက် စွမ်းအင်ရှာဖွေရေးသင်္ဘောဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment