Wednesday, August 10, 2022
တူကီယဲသည် မောင်းသူမဲ့တိုက်လေယာဉ်များအသုံးပြု၍ ကာ့ဒ်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ ခါမက်ရှလီမြို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်း
တူကီယဲနိုင်ငံသည် မောင်းသူမဲ့တိုက်လေယာဉ်များအသုံးပြု၍ ဩဂုတ်လ ၉ ရက်တွင် ကာ့ဒ်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၊ ခါမက် ရှလီ (Qamishli) မြို့ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း The Defense Post သတင်း ဌာနက ဩဂုတ်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ခါမက် ရှလီမြို့ရှိ ဆေးရုံအနီးတွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရ ကြောင်း ၎င်းသတင်းဌာနတွင် ဖော်ပြထားပါသည်။ တူကီယဲနိုင်ငံအနေဖြင့် ဇူလိုင်လ ၁၉ ရက်မှစတင်ကာ ဆီးရီးယားနိုင်ငံရှိ ကာ့ဒ်တပ်ဖွဲ့ဝင်များထိန်းချုပ်ထားသည့် နယ်မြေ များအပေါ် တိုက်ခိုက်မှုများတိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်းနှင့် အဆိုပါတိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး ကာ့ဒ်တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment