Saturday, August 13, 2022
တူကီယဲစစ်ဦးစီးချုပ်နှင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္သသည် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း
တူကီယဲစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရက်ဆာဂူလာ (Yasar Guler) နှင့် အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာခ်အလက်ဇန်ဒါးမီလေ (Mark Alexander Milley) တို့သည် ဩဂုတ်လ ၁၂ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း တူကီယဲစစ်ဦးစီးချုပ်ရုံးက ဩဂုတ်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့နှစ်ဦးအနေဖြင့် ကမ္ဘာတစ်ဝန်း လက်ရှိဖြစ်ပေါ်လျက်ရှိ သော အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။ တူကီယဲနှင့် အမေရိကန်နိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြသည့်နည်းတူ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိသည့် အပြင် ကာကွယ်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးများကိုလည်း ကျင်းပလေ့ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment