Tuesday, August 30, 2022
ဆားဘီးယားနိုင်ငံ၏ စက်ရုံများ၊ အဖွဲ့အစည်းများနှင့် အများပိုင်နေရာများတွင် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည်ဟု ဆားဘီးယားသတ္တုနှင့် စွမ်းအင် ဝန်ကြီးက တောင်းဆိုခဲ့ခြင်း
ဆားဘီးယားနိုင်ငံ၏ စက်ရုံများ၊ အဖွဲ့အစည်းများနှင့် အများပိုင်နေရာများတွင် ၎င်းတို့၏ စွမ်းအင်သုံးစွဲမှုကိုလျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ်များမှ ကိုယ်ပိုင်စွမ်းအင်ထုတ်လုပ်နိုင်ရန်စဉ်းစားသင့်သည်ဟု ဆားဘီးယားသတ္တုနှင့် စွမ်းအင် ဝန်ကြီးက တောင်းဆိုခဲ့ကြောင်း Xinhua သတင်းဌာနက ဩဂုတ်လ ၃၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ နိုင်ငံအတွင်းရှိအဖွဲ့အစည်းများနှင့် စက်ရုံများအနေဖြင့် ဆိုလာပြားများ တပ်ဆင်အသုံးပြုခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုများကို တိုးမြှင့်ခြင်း အပါအဝင် လမ်းမီးတိုင်များအားပိတ်ခြင်း၊ အလှဆင်မီးများအားပိတ်ခြင်း၊ အဆောက်အဦ အတွင်း စွမ်းအင်သုံးစွဲမှုကို အကျိုးရှိစွာအသုံးချခြင်းဖြင့် စွမ်းအင်ခြွေတာသုံးစွဲသင့်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံအနေဖြင့် နွေရာသီ၌ စွမ်းအင် သုံးစွဲမှုသည် တစ်နေ့လျှင် ၉၀ ဂီဂါဝပ်နာရီသုံးစွဲလျက်ရှိပြီး ဆောင်းရာသီ၌ စွမ်းအင်သုံးစွဲမှု သည် တစ်နေ့လျှင် ၁၂၀ ဂီဂါဝပ်နာရီသုံးစွဲလျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment