Thursday, September 1, 2022
အဇာဘိုင်ဂျန်နှင့် တူကီယဲလေတပ်ဖွဲ့တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၆ ရက်တွင် စတင်ပြုလုပ်သွားမည်ဆိုခြင်း
အဇာဘိုင်ဂျန်နှင့် တူကီယဲလေတပ်ဖွဲ့တို့အကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလ ၆ ရက်တွင် စတင်ပြုလုပ်သွားမည်ဟု အဇာဘိုင်ဂျန်ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံတွင် ပြုလုပ်မည့် TurAz Qartal 2022 (TurAz Eagle 202) Joint Flight-Tactical Exercise အမည်ရှိ ပူးတွဲလေတပ်စစ်ရေးလေ့ကျင့်ခန်းတွင် တူကီယဲနိုင်ငံမှ တပ်ဖွဲ့ဝင်များအပြင် စစ်ဘက်လေယာဉ်များလည်း ပါဝင်လေ့ကျင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း နှစ်နိုင်ငံလေတပ်ဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းတာဝန်များ၊ တိုက်ခိုက်ရေးလုပ်ငန်းစဉ်များကိုလေ့လာခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအစီအစဉ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment