Tuesday, August 9, 2022
တူကီယဲသမ္မတသည် ဆလိုဗေးနီးယားသမ္မတ နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တူကီယဲ သမ္မတရုံးကကြေညာခဲ့ခြင်း
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် တူကီယဲနိုင်ငံ၊ မြို့တော် အန်ကာရာ၌ ဩဂုတ်လ ၁၀ ရက်တွင် ဆလိုဗေးနီးယားသမ္မတ ဘိုရက်ပါဟော့ရ် (Borut Pahor) နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တူကီယဲ သမ္မတရုံးက ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ သမ္မတ အာဒိုဂန်နှင့် သမ္မတ ပါဟော့ရ်တို့သည် တူကီယဲနိုင်ငံ၏ ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ရေးနည်းလမ်းများ အပါအဝင် ဘော်လ်ကန်ဒေသအရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း အထက်ပါထုတ်ပြန်ချက်တွင် ဖော်ပြ ထားပါသည်။ သမ္မတ ပါဟော့ရ်သည် သမ္မတ အာဒိုဂန်၏ဖိတ်ကြားချက်အရ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အထိ တူကီယဲနိုင်ငံသို့ ခရီးစဉ်လာရောက်လျက်ရှိပြီး ဩဂုတ်လ ၉ ရက် တွင် အန်ကာရာ၌ ကျင်းပမည့် (၁၃) ကြိမ်မြောက် သံအမတ်များဆိုင်ရာ ညီလာခံသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment