Tass; Aug-15 (Mon)
လစ်သူရေးနီးယားနိုင်ငံအနေဖြင့် ကာလီနင်ဂရက်ဒေသသို့ ရုရှားကုန်စည်များ ပို့ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်အောင်ဖန်တီးနေမှုများ ရပ်တန့်ပေးရန် လစ်သူ ရေးနီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးယာယီတာဝန်ခံ ဆာဂျီရာ့ဘော့ကွန် (Sergey Ryabokon) က Rossiya 24 ရုပ်သံလိုင်းနှင့်တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့ ကြောင်း Tass သတင်းဌာနက ဖော်ပြခဲ့ပါသည်။ လစ်သူရေးနီးယားမှတစ်ဆင့် ကာလီ နင်ဂရက်သို့ ကုန်စည်များပို့ဆောင်မှုအတွက် ငွေပေးချေရာတွင် Siauliu လစ်သူရေး နီးယားဘဏ်သည် ရုရှားနိုင်ငံမှ ရူဘယ်ငွေကြေးဖြင့်ပေးချေမှုအား ရပ်ဆိုင်းသွားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် လစ်သူရေးနီးယားအစိုးရက ချမှတ်ခြင်း ဖြစ်ပြီး Siauliu လစ်သူရေးနီးယားဘဏ်၏ဆုံးဖြတ်ချက်မဟုတ်ကြောင်း သတင်းဌာနတွင် ဖော်ပြထားပါသည်။ သို့ဖြစ်၍ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် ကာလီနင်ဂရက်သို့ ရုရှား ကုန်စည်ပို့ဆောင်မှုဆိုင်ရာပဋိပက္ခများတွင် လစ်သူရေးနီးယားအစိုးရအပေါ် ဩဇာလွှမ်းမိုးမှု ရှိသောဥရောပသမဂ္ဂအနေဖြင့် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ရာ့ဘော့ကွန်က တိုက်တွန်းပြောကြားထားပါသည်။
လစ်သူရေးနီးယားပိုင်နက်အား ဖြတ်သန်း၍ကာလီနင်ဂရက်ဒေသသို့ ရုရှား ကုန်စည်များပို့ဆောင်ရာတွင် မော်တော်ယာဉ်များ၊ ရထားလမ်းကြောင်းများအသုံးပြု၍ ပို့ဆောင်လျက်ရှိပြီး ထိုသို့ပို့ဆောင်ရာတွင် ဥရောပသမဂ္ဂက ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှု ချမှတ်ထားသည့်စာရင်းတွင် ပါဝင်သောကုန်ပစ္စည်းများဖြတ်သန်းမှုကို လစ်သူရေးနီးယား အစိုးရက ဇွန်လ၌ တားမြစ်ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့ပါသည်။ အဆိုပါအရေးယူ ပိတ်ဆို့မှုများသည် တရားမဝင်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံဘက်က တုံ့ပြန် ပြောကြားထားပါသည်။ Siauliu လစ်သူရေးနီးယားဘဏ်အနေဖြင့် စက်တင်ဘာလ ၁ ရက်မှစတင်ကာ ရုရှားနိုင်ငံမှလုပ်ငန်းရှင်များဖြင့် လုပ်ဆောင်လျက်ရှိသည့် ဝန်ဆောင်မှု အားလုံးကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Ref; Russia urges Lithuania to stop blocking payments for transit to Kaliningrad – official
No comments:
Post a Comment