Monday, August 15, 2022

ဆလိုဗက်ကီးယားနိုင်ငံသည်ဟောင်ဝဇ်ဇာအမြောက် ၄ လက်အား ယူကရိန်းနိုင်ငံသို့ပေးပို့ခဲ့ခြင်း

 

    ဆလိုဗက်ကီးယားနိုင်ငံသည် ဇူဇာနာ-၂ (Zuzana-2) အမည်ရှိ ယာဉ်တင် ဟောင်ဝဇ်ဇာအမြောက် ၄ လက်အား ယူကရိန်းနိုင်ငံသို့ပေးပို့ခဲ့ကြောင်း Tass သတင်း ဌာနက ဩဂုတ်လ ၁၅ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် နောက်ထပ်ဟောင်ဝဇ်ဇာ               ၄ လက်ကိုလည်း အနာဂတ်ကာလတွင် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း အဆိုပါ သတင်းဌာနကဆက်လက်ဖော်ပြထားပါသည်။ ၎င်းဟောင်ဝဇ်ဇာအမြောက်များကို ဆလိုဗက်ကီးယားနိုင်ငံတွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဆလိုဗက်ကီးယားတပ်မတော်၌ ၁ နှစ်ခန့်အသုံးပြုထားပြီးဖြစ်ပါသည်။ ဆလိုဗက်ကီးယားနိုင်ငံသည် MiG-29 တိုက်လေယာဉ် များကိုလည်း ယူကရိန်းနိုင်ငံသို့ ပေးပို့လှူဒါန်းရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment