Trend; Sep-13(Tue)
တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) နှင့် အဇာဘိုင်ဂျန်သမ္မတ အီဟန်အလီရက် (Ilham Aliyev) တို့သည် စက်တင်ဘာလ ၁၃ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Trend သတင်း ဌာနက ဖော်ပြခဲ့ပါသည်။
ဆွေးနွေးမှုအတွင်း အဇာဘိုင်ဂျန်နယ်စပ်တွင် အာမေးနီးယား စစ်ဘက်တပ်ဖွဲ့ဝင်များ၏ ကျူးကျော်တိုက်ခိုက်မှုများကြောင့် အဇာဘိုင်ဂျန်စစ်ဘက် တပ်ဖွဲ့ဝင်များသေဆုံးခဲ့မှုအပေါ် များစွာစိတ်ထိခိုက်မှုဖြစ်ပေါ်ရကြောင်း၊ တူကီယဲနိုင်ငံ သည် အဇာဘိုင်ဂျန်နိုင်ငံဘက်မှ အမြဲတမ်းရပ်တည်ပေးလျက်ရှိကြောင်းနှင့် နှစ်နိုင်ငံအကြား စည်းလုံးညီညွတ်မှုကို အလေးထားကြောင်း တူကီယဲသမ္မတက မှတ်ချက်ပြုပြောကြား ခဲ့ပါသည်။ အလားတူ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့်လည်း မည်သည့်အရေးကိစ္စမဆို တူကီယဲနိုင်ငံနှင့်အတူ အမြဲတမ်းရပ်တည်လျက်ရှိကြောင်း အဇာဘိုင်ဂျန်သမ္မတက ပြောကြား ခဲ့ပါသည်။
ထို့ပြင် အဇာဘိုင်ဂျန်စစ်ဘက်တပ်ဖွဲ့ဝင်များအနေဖြင့် အာမေးနီးယားတပ်ဖွဲ့ဝင် များ၏ကျူးကျော်တိုက်ခိုက်မှုများကို သတ္တိရှိရှိနှင့်ကျွမ်းကျင်ပိုင်နိုင်စွာ ကာကွယ်ဟန့် တားနိုင်ခဲ့ကြောင်းနှင့် ထိုသို့ အဇာဘိုင်ဂျန်နိုင်ငံအပေါ် အာမေးနီယားတပ်ဖွဲ့ဝင်များ၏ ကျူးကျော်ရန်စတိုက်ခိုက်မှုများသည် အားမေးနီးယားနိုင်ငံတွင်သာ တာဝန်ရှိကြောင်း အဇာဘိုင်ဂျန်သမ္မတက ဆက်လက်ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းတို့အကြား ခိုင်မာသည့် ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတည်ဆောက်ထားနိုင်ခြင်း ကြောင့် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်အောင်မြင်မှု များရရှိခဲ့ကြောင်းနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ခေါင်းဆောင် ၂ ဦးအနေဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment