Monday, September 12, 2022

ဆားဘီးယားသမ္မတနှင့် UAE သမ္မတတို့ ဆွေးနွေးမှုပြုလုပ်ခဲ့ခြင်း

ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) နှင့် UAE သမ္မတ မိုဟာမက်ဘင်ဇာရတ်အယ်လ်နာရန် (Mohamed Bin Zayed Al Nahyan) တို့သည် နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်မှု အလားအလာများအပါအဝင် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ် များနှင့်ပတ်သက်၍ UAE နိုင်ငံ၊ အဘူဒါဘီ (Abu Dhabi) မြို့တော်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Asharq Al-Awsat သတင်းဌာနက စက်တင်ဘာလ ၁၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးမှုအတွင်း ၎င်းတို့နှစ်ဦးသည် သိပ္ပံ၊ နည်းပညာ၊ စားနပ် ရိက္ခာဖူလုံရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် အာကာသနယ်ပယ်များ အပါအဝင် ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးနှင့် ကုန်သွယ်ရေးနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာတစ်ရပ်တို့အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment