Wednesday, September 7, 2022

အနောက်နိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ရန်လိုသောမူဝါဒများကို ကျင့်သုံးလျက်ရှိကြောင်း တူကီယဲသမ္မတက ပြောကြားခဲ့ခြင်း

 

Anadolu Agency; Sep-7(Wed)

              ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ သဘောထားမှာ မှန်ကန်မှုမရှိကြောင်းနှင့် အနောက်နိုင်ငံများအနေဖြင့် ရန်လိုသောမူဝါဒများကို ချမှတ်ကျင့်သုံးလျက်ရှိကြောင်း တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က စက်တင်ဘာလ ရက်တွင် ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံ၊ မြို့တော် ဘဲလ်ဂရိတ် (Belgrade) တူကီယဲသမ္မတနှင့် ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူစစ် (Aleksandar Vucic) တို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တူကီယဲ သမ္မတက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ပြည်သူများအကြား ခရီးသွားလာရာ၌ ခရီးသွားလာခွင့်အထောက်အထား နိုင်ငံကူးလက်မှတ် ကင်းလွတ်ခွင့်ပြုရေးအပါအဝင် နည်းပညာ၊ စက်မှု၊ စီးပွားရေးဆိုင်ရာ ကဏ္ဍအသီးသီးတို့ နှင့်စပ်လျဉ်းသည့် သဘောတူညီချက် ချက်ကို ခေါင်းဆောင်နှစ်ဦးအကြား လက်မှတ် ရေးထိုးနိုင်ခဲ့ပါသည်။

              နှစ်နိုင်ငံအကြား အထက်ပါကဲ့သို့သော နိုင်ငံကူးလက်မှတ်မပါရှိဘဲ ခရီးသွားလာခွင့် ဆိုင်ရာ သဘောတူညီချက်လက်မှတ်ရေးထိုးနိုင်မှုသည် နှစ်နိုင်ငံဆက်ဆံရေးနယ်ပယ်တွင် နောက်တစ်ဆင့်တက်လှမ်းနိုင်ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တူကီယဲနှင့် ဆားဘီးယား တို့အကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ ကြောင်းနှင့် နှစ်နိုင်ငံဘုံရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ဘီလီယံအထိ ရောက်ရှိနိုင်ရန် တူညီသောသန္နိဋ္ဌာန်ဖြင့် အတူတကွပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ဆားဘီးယားနိုင်ငံတွင် တူကီယဲနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများအပေါ် ကြိုဆိုကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို မြှင့်တင်ရန်နှင့် ဆားဘီးယားနိုင်ငံအနေဖြင့် တူကီယဲနိုင်ငံထံမှ Bayraktar ဒရုန်းများကို ဝယ်ယူရန်ဆန္ဒရှိ ကြောင်း ဆားဘီးယားသမ္မတက ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment