Tuesday, September 6, 2022

ဆလိုဗက်ကီးယားနိုင်ငံရှိ Freedom and Solidarity (SaS) ပါတီမှ ဝန်ကြီး အများအပြား ရာထူးမှနုတ်ထွက်ခဲ့

 ဆလိုဗက်ကီးယားနိုင်ငံရှိ Freedom and Solidarity (SaS) ပါတီမှ ဝန်ကြီး အများအပြား ရာထူးမှနုတ်ထွက်ခဲ့ပြီးနောက် ၎င်းပါတီသည် လွှတ်တော်အတွင်း ၎င်း၏ နေရာအများစုကို ဆုံးရှုံးခဲ့ကြောင်း Xinhua သတင်းဌာနက စက်တင်ဘာလ ရက်တွင် ဖော်ပြခဲ့ပါသည်။ ဆလိုဗက်ကီးယားဝန်ကြီးချုပ် အီဒက်ဒ်ဟီဂါ (Eduard Heger) သည် ရာထူးမှနုတ်ထွက်သည့် ဝန်ကြီးများ၏နေရာတွင် တာဝန်ထမ်းဆောင်မည့်အမည်စာရင်း များကို သမ္မတ ဇူဇနာကာပူတိုဗာ (Zuzana Caputova) ထံ ပေးပို့အကြောင်းကြား သွားမည်ဖြစ်ကြောင်း Slovak Republic of the News Agency (TASR) က ဖော်ပြခဲ့ ပါသည်။ ဘဏ္ဍာရေးဝန်ကြီး အီဂေါမတ်တိုဗစ် (Igor Matovic) အနေဖြင့် နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှင့် စွမ်းအင်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် စီမံချက်များနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေစဉ် ရာထူးမှနုတ်ထွက်ခြင်းမရှိပါက SaS ဝန်ကြီးများအနေဖြင့် လေးပါတီညွန့်ပေါင်းအဖွဲ့မှ နုတ်ထွက်သွားမည်ဟု ခြိမ်းခြောက် ခဲ့ပြီးနောက် အထက်ပါအတိုင်း နုတ်ထွက်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment