Thursday, October 6, 2022

ဥရောပသမဂ္ဂ၏ အလွတ် သဘောထိပ်သီးအစည်းအဝေးအား မြို့တော် ပရာ့ဂ်၌ လက်ခံကျင်းပသွား မည်ဆိုခြင်း

ဥရောပသမဂ္ဂကောင်စီ၏အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိသည့် ချက်သမ္မတနိုင်ငံသည် အောက်တိုဘာလ ၇ ရက်တွင် ဥရောပသမဂ္ဂ၏ အလွတ် သဘောထိပ်သီးအစည်းအဝေးအား မြို့တော် ပရာ့ဂ် (Prague) ၌ လက်ခံကျင်းပသွား မည်ဖြစ်ကြောင်း Xinhua သတင်းဌာနက အောက်တိုဘာလ ၅ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါထိပ်သီးအစည်းအဝေးတွင် ၎င်းတို့ အဓိကရင်ဆိုင်နေရသော ပြဿနာ ၃ ခုဖြစ်သည့် ရုရှား-ယူကရိန်းပဋိပက္ခ၊ စွမ်းအင် ဈေးနှုန်းမြင့်တက်မှုများနှင့် စွမ်းအင်ကဏ္ဍကြောင့် စီးပွားရေးအပေါ် အကျိုးသက်ရောက် မှုများနှင့်ပတ်သက်၍ အလေးထားဆွေးနွေးရန် စီစဉ်ထားပါသည်။ ဥရောပသမဂ္ဂ၏ အလွတ်သဘောထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပနိုင်ငံရေးအသိုက်အဝန်း (European Political Community-EPC) အစည်းအဝေးဖွင့်ပွဲအား အောက်တိုဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment