Aljazeera;Oct-10(Mon)
ပင်လယ်နက်အတွင်းရှိ ရုရှားစစ်သင်္ဘောများမှ ခရုဇ်ဒုံးကျည် ၃ စင်းဖြင့် ယူကရိန်း နိုင်ငံအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာတွင် မော်လ်ဒိုဗာလေပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက် ခဲ့မှုနှင့်စပ်လျဉ်း၍ ဖြေရှင်းချက်ပေးရန် မော်လ်ဒိုဗာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကို ဆင့်ခေါ်ထား ကြောင်း မော်လ်ဒိုဗာနိုင်ငံခြားရေးဝန်ကြီး နီချူပေါ့စ်ဆူ(Nicu Popescu) က ပြောကြား ခဲ့သည်ဟု အောက်တိုဘာလ ၁၀ ရက်တွင် Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ခရိုင်းမီးယားနှင့် ရုရှားတို့ ဆက်သွယ်ဖောက်လုပ်ထားသည့် တံတား တစ်စင်း ပေါက်ကွဲပျက်စီးခဲ့သည့်အတွက် ယူကရိန်းကို ပြစ်တင်ဝေဖန်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံတစ်ဝန်းရှိမြို့များကို ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့မှုသည် ထိတ်လန့် တုန်လှုပ်စေပြီး အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို ရပ်တန့်သင့်ကြောင်း နီချူပေါ့စ်ဆူက ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံ၏ ဒုံးကျည်တိုက်ခိုက်မှုများသည် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပြိုကျပျက်စီးစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီး (Volodymyr Zelenskyy) က ပြောကြားခဲ့ပါ သည်။ ယူကရိန်း၏ စွမ်းအင်၊ စစ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာအဆောက်အဦများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော ရုရှား၏ ရည်မှန်းချက်အနေဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment