The Syrian Observer; Nov-21(Mon)
တူကီယဲနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သော ရီပတ်ပလီကန်ပြည်သူ့ပါတီ (Republican People's Party-CHP) ခေါင်းဆောင် ကာမဲကီလစ်ဒါရိုဂလူ (Kemal Kilicdaroglu) သည် ကီလစ် (Kilis) စီရင်စုတွင် ဆီးရီးယားပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး လာမည့် သမ္မတရွေးကောက်ပွဲတွင်အနိုင်ရပါက နှစ်နှစ်အတွင်း ဆီးရီးယားဒုက္ခသည်များ နှင့်ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်မည့်အစီအစဉ်များကို ပြောကြားခဲ့ ကြောင်း The Syrian Observer သတင်းဌာနက နိုဝင်ဘာလ ၂၁ ရက်တွင် ဖော်ပြခဲ့ပါ သည်။ ပါတီအနေဖြင့်ရွေးကောက်ပွဲ၌ အနိုင်ရရှိပါက ပထမခြေလှမ်းအဖြစ် ဆီးရီးယား နိုင်ငံ၏ တရားဝင်အစိုးရနှင့်တွေ့ဆုံပြီး နှစ်နိုင်ငံအကြား အပြန်အလှန်သံရုံးများဖွင့်လှစ်ရန် ရည်ရွယ်ထားကြောင်းနှင့် ဆီးရီးယားသို့ ပြန်လည်စေလွှတ်မည့်ဒုက္ခသည်များအတွက် အိမ်များ၊ စာသင်ကျောင်းများနှင့် လမ်းများအား အီးယူမှထောက်ပံ့ပေးထားသော ရန်ပုံငွေကို အသုံးပြု၍ တူကီယဲကန်ထရိုက်တာများဖြင့် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ကီလစ်ဒါရိုဂလူက ပြောကြားခဲ့ပါသည်။ ထို့ပြင် တူကီယဲနိုင်ငံတွင်နေထိုင်သော စီးပွားရေး သမားများကိုလည်း ဆီးရီးယားရှိ ၎င်းတို့၏စက်ရုံများကိုပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုပေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
၂၀၂၁ ခုနှစ်အစပိုင်းကတည်းကပင် တူကီယဲရှိ ဆီးရီးယားဒုက္ခသည်များအရေး သည် အတိုက်အခံပါတီများ၏ ဆွေးနွေးမှုတွင် အဓိကပါဝင်ခဲ့ပြီး ဒုက္ခသည်များအား ၎င်းတို့၏နိုင်ငံသို့ ပြန်လည်စေလွှတ်ရန် တောင်းဆိုခြင်းနှင့် သိသိသာသာတိုးတက်လာ သည့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ကန့်သတ်ခြင်းတို့ဖြင့် အစိုးရအပေါ် ဖိအားပေးမှုများ ပြုလုပ်လေ့ရှိပါသည်။ ထို့ပြင် ဒုက္ခသည်များသည် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ကီလစ်ဒါရိုဂလူက တူကီယဲအစိုးရအား အကြိမ်ကြိမ်သတိပေး ခဲ့ပါသည်။ လာမည့်ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် အာဏာရပါက ၎င်း၏ပါတီသည် ဆီးရီးယားနိုင်ငံသားတိုင်းကို ၎င်းတို့၏ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟု အကြိမ်ကြိမ် ကတိပြုခဲ့ပြီး ယင်းလုပ်ရပ်သည် လူမျိုးရေးခွဲခြားမှုမဟုတ်ကြောင်း ကီလစ်ဒါရိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment