Sunday, January 1, 2023
ဆွီဒင်နိုင်ငံသည်ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကိုလွှဲပြောင်းရယူသွားမည်ဆိုခြင်း
ဆွီဒင်နိုင်ငံသည် ချက်သမ္မတနိုင်ငံထံမှ ဥရောပသမဂ္ဂကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဇန်နဝါရီလ ၁ ရက်တွင် လွှဲပြောင်းရယူသွားမည်ဖြစ်ကြောင်း Anadolu Agency သတင်းဌာနက ဇန်နဝါရီလ ၁ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ ဆွီဒင်နိုင်ငံ သည် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဇူလိုင်လ ၁ ရက်အထိ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး လုံခြုံရေး၊ ယှဉ်ပြိုင်နိုင်စွမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်အသွင်ကူးပြောင်းမှု၊ ဒီမိုကရေစီစံနှုန်းများနှင့် တရားဥပဒေစိုးမိုးရေးတို့အား ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွီဒင်အစိုးရက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် ဆွီဒင်နိုင်ငံအနေဖြင့် ယူကရိန်း နိုင်ငံအပေါ် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာကူညီထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားရန် ဦးစားပေးဆောင်ရွက်ခြင်း၊ ယူကရိန်းနိုင်ငံ၏ အီးယူဝင်ခွင့်လုပ်ငန်းစဉ်များကိုလည်း ကူညီ ပေးခြင်းနှင့် ယူကရိန်းနိုင်ငံပြန်လည်တည်ဆောက်ရေးဆိုင်ရာ ဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းဌာန၏ ရေးသားဖော်ပြချက်အရ သိရှိရပါသည်။
No comments:
Post a Comment