Thursday, January 5, 2023

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်း

ပိုလန်အစိုးရသည် အမေရိကန်နိုင်ငံထံမှ ပင်မတိုက်ပွဲဝင်တင့်ကား ၁၁၆ စီးအား ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ရပ်ကို ဇန်နဝါရီလ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ ပါသည်။ ထို့ပြင် ပိုလန်အစိုးရသည် ပြီးခဲ့သည့်ဧပြီလအတွင်း၌လည်း M1A2 Abrams အမည်ရှိ တင့်ကား ၂၅၀ စီးဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၄.၇၄ ဘီလီယံ တန်ဖိုးရှိ အခြားသောသဘောတူစာချုပ်တစ်ရပ်ကိုလည်း အမေရိကန်နိုင်ငံနှင့် ချုပ်ဆိုခဲ့ ပြီးဖြစ်ပါသည်။ အဆိုပါသဘောတူစာချုပ်များသည် ပိုလန်နိုင်ငံ၏လုံခြုံရေးအား မြှင့်တင် ပေးနိုင်မည့်အပြင် NATO အဖွဲ့၏ အရှေ့ဘက်စစ်နံတစ်ခုလုံး၏လုံခြုံရေးကိုလည်း တိုးမြှင့် ပေးနိုင်မည်ဖြစ်ကြောင်း ပိုလန်ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ မာရွတ်ဇ် ဘလက်ဇက် (Mariusz Blaszczak) က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment