တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပုံမှန်အခြေအနေသို့ အပြည့်အဝပြန်လည်ထူထောင်ရန် ကြိုးပမ်းဆောင်ရွက်သည့်အနေဖြင့် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ် (Bashar al-Assas) နှင့် တွေ့ဆုံနိုင်ဖွယ်ရှိကြောင်း Xinhua သတင်းဌာနက ဇန်နဝါရီလ ၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ထိုသို့တွေ့ဆုံမှုပြုလုပ်ခဲ့ပါက ၎င်းတို့နှင့်အတူ နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများလည်း ပါဝင်မည်ဖြစ်ကြောင်း အာဒိုဂန်က ပြောကြားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရခြင်း၏ အဓိကရည်မှန်းချက်မှာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပိုမိုရရှိရန် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါသည်။ တူကီယဲနိုင်ငံသည် ဆီးရီးယားသူပုန် များအား နိုင်ငံရေးနှင့်စစ်ရေးနည်းအရ ထောက်ပံ့မှုများပေးခဲ့ကြောင်းနှင့် ဆီးရီးယား ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ နှစ်နိုင်ငံခေါင်းဆောင် ၂ ဦး တွေ့ဆုံမှုမပြုလုပ်ရ သေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment