အီရတ်နိုင်ငံမြောက်ပိုင်း၊
နိုင်းဗက်ရှ်
(Ninevah) ပြည်နယ်ရှိ Zilkan တူကီယဲ စစ်အခြေစိုက်စခန်းတစ်ခုအား အမည်မသိတိုက်ခိုက်သူများက
ဖေဖော်ဝါရီလ ၁ ရက်တွင် ဒုံးကျည် ၈ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုံးကျည်
၂ စင်းသည် စခန်းအတွင်းပိုင်းသို့ ကျရောက်ခဲ့ကြောင်း
အီရတ်ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြမ်းဖက်မှုနှိမ်နင်းရေး အဖွဲ့က
ပြောကြားခဲ့သည်ဟု Pak Observer သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်တွင်
ဖော်ပြခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်အခြေစိုက်စခန်းထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိ
ကြောင်းနှင့် လူအသေအပျောက်မရှိကြောင်းကိုလည်း တူကီယဲလုံခြုံရေးသတင်းအရင်းအမြစ်က
ပြောကြားခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့အစည်းကမျှ
၎င်းတို့လုပ်ဆောင် သည်ဟု ချက်ချင်းထုတ်ဖော်ပြောကြားခြင်းမရှိသေးကြောင်း သိရှိရပါသည်။
No comments:
Post a Comment