Wednesday, February 1, 2023

ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားနိုင်ငံတို့အကြား ဆက်သွယ်မည့် ဓာတ်ငွေ့ ပိုက်လိုင်းအား ဘူလ်ဂေးရီးယားနယ်မြေ၌ တည်ဆောက်ခဲ့ခြင်း

 

ဘူလ်ဂေးရီးယားနှင့် ဆားဘီးယားနိုင်ငံတို့အကြား ဆက်သွယ်မည့် ဓာတ်ငွေ့ ပိုက်လိုင်းအား ဘူလ်ဂေးရီးယားနယ်မြေ၌ ဖေဖော်ဝါရီလ ၁ ရက်တွင် စတင်တည်ဆောက် ခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါဓာတ်ငွေ့ပိုက်လိုင်းသည် ၁၇၀ ကီလိုမီတာရှည်လျားပြီး ဘူလ်ဂေးရီးယားပိုင်နက်အတွင်း ၆၂ ကီလိုမီတာရှိကာ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ၁.၈ ဘီလီယံကုဗမီတာ တင်ပို့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ခြင်းအားဖြင့် ဘူလ်ဂေးရီးယားသည် ဥရောပဈေးကွက်သို့ တိုးချဲ့ဝင်ရောက်နိုင်မည်ဖြစ်ကြောင်းနှင့် ဆားဘီးယားအနေဖြင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်သစ်များရရှိနိုင်မည်ဖြစ်ကြောင်း ဘူလ်ဂေးရီးယားသမ္မတ ရူမန်ရာဒက်ဗ် (Rumen Radev) က ဓာတ်ငွေ့ပိုက်လိုင်းစတင်တည်ဆောက်သည့် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment