Saturday, February 11, 2023

တူကီယဲနိုင်ငံတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အိုးအိမ်စွန့်ခွာ နေရသူများအား ထားရှိနိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုများနှင့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ရှိသော အထူးစစ်ဆင်ရေးအမိုးအကာများအား တူကီယဲသို့ ပေးပို့ခဲ့ခြင်း

တူကီယဲနိုင်ငံတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အိုးအိမ်စွန့်ခွာ နေရသူများအား ထားရှိနိုင်ရေးအတွက် စစ်ရေးလေ့ကျင့်မှုများနှင့် စစ်ဆင်ရေးများတွင်သာ အသုံးပြုလေ့ရှိသော အထူးစစ်ဆင်ရေးအမိုးအကာများအား တူကီယဲသို့ ပေးပို့ခဲ့ကြောင်း NATO အဖွဲ့က ကြေညာခဲ့သည်ဟု Anadolu Agency သတင်းဌာနက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဖော်ပြခဲ့ပါသည်။ NATO အဖွဲ့အနေဖြင့် တူကီယဲနိုင်ငံနှင့် ခိုင်မာစွာရပ်တည်လျက် ရှိကြောင်းနှင့် အဆိုပါအမိုးအကာများသည် လူ့အသက်ပေါင်းများစွာကို ကယ်တင် နိုင်ကြောင်းလည်း NATO အထွေထွေအတွင်းရေးမှူးချူပ် ဂျင်စတိုတန်ဘာ့ဂျ် (Jens Stoltenberg) က ပြောကြားခဲ့ပါသည်။ NATO မဟာမိတ်နိုင်ငံများအနေဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီဆောင်ရွက်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ခွေးများ၊ မီးသတ်သမားများ၊ အင်ဂျင်နီယာအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ ငလျင်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အရေးပေါ်ဝန်ထမ်းထောင်ပေါင်းများစွာကို စေလွှတ်ခဲ့သည့်အပြင် ထောက်ပံ့ရေး ပစ္စည်းများကိုလည်း ပေးပို့ခဲ့ကြောင်း ၎င်းအဖွဲ့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment