ပါကစ္စတန်နှင့်တူကီယဲတပ်ဖွဲ့ဝင်များပါဝင်သည့် ATATURK-XII 2023 အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအား ပါကစ္စတန်အနောက်မြောက်ပိုင်းရှိ ခိုက်ဘာပက်ထွန်းကွာ (Khyber Pakhtunkhwa) စီရင်စုအတွင်း၌ ဖေဖော်ဝါရီလ ၉ ရက်တွင် အပြီးသတ် ပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်ရေး လေ့ကျင့်ခန်းအား သီတင်းပတ် ၂ ပတ်ခန့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တူကီယဲနှင့် ပါကစ္စတန် နိုင်ငံတို့မှ အထူးတပ်ဖွဲ့များ ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ ယခုပြုလုပ်သည့် စစ်ရေး လေ့ကျင့်ခန်းသည် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုများ၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပြီး တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် အဓိကရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment