ဂရိပြည်သူများသည် နိုင်ငံမြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သော လူ ၄၆ ဦးထက်မနည်း သေဆုံးခဲ့သည့် ခရီးသည်တင်ရထားနှင့် ကုန်တင်ရထားတို့ တိုက်မိခဲ့သည့် အကြောင်း အရင်းကို အမြန်ဆုံးစုံစမ်းဖော်ထုတ်ရန် ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြောင်း NHK သတင်း ဌာနက မတ်လ ၃ ရက်တွင် ဖော်ပြခဲ့ပါသည်။ လက်ရှိတွင်လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် သေဆုံးသူဦးရေတိုးပွားလာနိုင် သည့်အပေါ် ဒေသခံအာဏာပိုင်များက စိုးရိမ်ပူပန်လျက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။ အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဂရိနိုင်ငံ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီး ကိုစတက်ခါရာမန်းလစ် (Kostas Karamanlis)သည် ၎င်း၏ ရာထူးမှနုတ်ထွက်ခဲ့ ကြောင်း သိရှိရပါသည်။
No comments:
Post a Comment