Wednesday, March 15, 2023
တူကီယဲသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်လွှတ်တော်အမတ်အချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်း
တူကီယဲသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင်ကာလင် (Ibrahim Kalin) သည် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ (Washington D.C) သို့ ၃ ရက်ကြာ ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန်လွှတ်တော်အမတ်အချို့နှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း Anadolu Agency သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ ၎င်းတို့သည် နှစ်နိုင်ငံကိစ္စရပ်များနှင့် ဒေသတွင်းကိစ္စရပ်များအပါအဝင် ငလျင်ဘေးဒဏ်သင့်ခဲ့သော တူကီယဲနိုင်ငံ၏ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များအပေါ်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့၏ NATO အဖွဲ့ဝင်ဖြစ်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။ ခရီးစဉ်အတွင်း ကာလင်သည် သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ၏ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန် (Jake Sullivan) နှင့် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန် (Victoria Nuland) တို့အပါအဝင် ထိပ်တန်းတာဝန်ရှိသူများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment