Wednesday, March 15, 2023
တူကီယဲသည် ရုရှားနှင့် ယူကရိန်းအကြား ကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ကို ရက်ပေါင်း ၁၂၀ ခန့် ထပ်မံသက်တမ်းတိုးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဆိုခြင်း
တူကီယဲနိုင်ငံသည် ရုရှားနှင့် ယူကရိန်းအကြား ကောက်ပဲသီးနှံတင်ပို့ရေးဆိုင်ရာ သဘောတူစာချုပ်ကို ရက်ပေါင်း ၁၂၀ ခန့် ထပ်မံသက်တမ်းတိုးရန် ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း တူကီယဲကာကွယ်ရေးဝန်ကြီး ဟူလူဆီအကာ (Hulusi Akar) က ပြောကြားခဲ့သည်ဟု Turkish Minute သတင်းဌာနက မတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါသဘောတူစာချုပ်တွင် ပါဝင်သည့်နိုင်ငံများသည် ထိုကဲ့သို့သက်တမ်းတိုးနိုင်ရေးအတွက် အကဲဖြတ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အပြုသဘောဆောင်သည့် ရလဒ်များထွက်ပေါ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ရုရှားနှင့်ယူကရိန်းနိုင်ငံတို့သည် ကုလသမဂ္ဂကျောထောက်နောက်ခံ ပြုထားသည့် အဆိုပါသဘောတူစာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် တူကီယဲ နိုင်ငံ၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment