Wednesday, March 8, 2023

ပိုလန်နှင့် ဆလိုဗက်ကီးယားတို့သည် ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့သွားရန်အသင့်ရှိခြင်း

ပိုလန်နှင့် ဆလိုဗက်ကီးယားနိုင်ငံတို့အနေဖြင့် ယူကရိန်းသို့ ဆိုဗီယက်လုပ် MiG-29 ဂျက်တိုက်လေယာဉ်များ ပေးပို့သွားရန်အသင့်ရှိကြောင်းနှင့် မဟာမိတ်နိုင်ငံများ အနေဖြင့်လည်း ၎င်းတို့နည်းတူ ဂျက်တိုက်လေယာဉ်များထောက်ပံ့ပေးရန် တိုက်တွန်း ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု Foxnews သတင်းဌာနက မတ်လ ၉ ရက်တွင် ဖော်ပြခဲ့ပါသည်။ ယူကရိန်းပြည်သူများသေဆုံးနေရကြောင်းနှင့် ၎င်းတို့ကိုကူညီရန်အတွက် အဆိုပါဆုံးဖြတ်ချက်ကို ချရမည့်အချိန်ရောက်ပြီဖြစ်ကြောင်း ဆလိုဗက်ကီးယားကာကွယ်ရေးဝန်ကြီး ဂျရိုစလဗ်နဒ် (Jaroslav Nad) က ၎င်း၏ လူမှုကွန်ရက်၌ မတ်လ ၉ ရက်တွင် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ အလားတူ ယူကရိန်းသို့ MiG-29 ဂျက်တိုက်လေယာဉ်များ ထောက်ပံ့ရန်အသင့်ရှိကြောင်း ပိုလန်သမ္မတ အန်ဒရေးဒူဒါ (Andrzej Duda) က မတ်လ ၈ ရက်တွင် CNN သတင်းဌာနသို့ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment