Friday, April 14, 2023

တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် ဒေသတွင်းကိစ္စရပ်များ အထူးသဖြင့် လစ်ဗျား နှင့် ဆီးရီးယားအရေးတို့တွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဆိုခြင်း

တူကီယဲနှင့် အီဂျစ်နိုင်ငံတို့သည် ဒေသတွင်းကိစ္စရပ်များ အထူးသဖြင့် လစ်ဗျား နှင့် ဆီးရီးယားအရေးတို့တွင် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီး မက်ဗလက်ကာဗူဆိုဂလူ (Mevlut Cavusoglu) က ပြောကြားခဲ့သည်ဟု Xinhua သတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။  တူကီယဲနိုင်ငံ၏ မြို့တော် အန်ကာရာ (Ankara) သို့ အလည်အပတ်ရောက်ရှိနေသည့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဆာမတ်ရှိုခရီ (Sameh Shoukry) နှင့် ပြုလုပ်သည့် ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆီးရီးယား နိုင်ငံ၏ ထာဝရငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုဖော်ဆောင်ခြင်းသည် တူကီယဲနှင့် အီဂျစ်နှစ်နိုင်ငံလုံးအတွက် အရေးကြီးကြောင်း၊ ၎င်းကိစ္စနှင့်ပတ်သက်၍ နှစ်နိုင်ငံနီးကပ်စွာ လုပ်ဆောင်ရန်နှင့် အမြင်ချင်းဖလှယ်ရန် သဘောတူညီထားကြောင်းလည်း ကာဗူဆိုဂလူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

No comments:

Post a Comment