ဆားဘီးယားနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချ ပေးခဲ့ခြင်းမရှိကြောင်းနှင့် ၎င်းကဲ့သို့
လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ဆားဘီးယား သမ္မတ
အလက်ဇန်းဒါးဘူစစ်
(Aleksandar Vucic) က ပြောကြားခဲ့သည်ဟု
Alarabiya News သတင်းဌာနက ဧပြီလ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။
ဆားဘီးယား
နိုင်ငံက ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရန်
သဘောတူညီခဲ့သည်ဟု ဖော်ပြထားသော ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာပေါက်ကြားလာခဲ့ပြီးနောက် သမ္မတ ဘူစစ်က အထက်ပါအတိုင်း ငြင်းဆိုပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ဆားဘီးယားအနေဖြင့် ယူကရိန်းသာမက
ရုရှားနိုင်ငံသို့လည်း လက်နက်ခဲယမ်းများ
ပေးပို့သွားမည်မဟုတ်
ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါသည်။ ပေါက်ကြားခဲ့သည့် ပင်တဂွန်စစ်ဌာနချုပ်၏ အစီရင်ခံစာသည်
စစ်ရေးလေ့ကျင့်ပေးရေးနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးရေး ဆိုသည့် ယူကရိန်း၏တောင်းဆိုမှုများအပေါ် ဥရောပအစိုးရများ၏
တုံ့ပြန်ဆောင်ရွက်မှု
အကျဉ်းချုပ်တစ်ခုဖြစ်သည်ဟု သတင်းဌာနများ၏ ဖော်ပြချက်အရ
သိရှိရပါသည်။
No comments:
Post a Comment