Wednesday, April 5, 2023

ဂရိနှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံခဲ့ခြင်း

 ဂရိကာကွယ်ရေးဝန်ကြီး နီကိုးလက်စ်ပန်ဂျီအိုတိုပိုလက်စ် (Nikolaos Pan-agiotopoulos) နှင့် ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်စီရက်ဇ်နီကော့ဗ် (Oleksiy Reznikov) တို့သည် ဧပြီလ ၆ ရက်တွင် ဂရိနိုင်ငံ၊ မြို့တော် အေသင် (Athens) ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း Anadolu Agency  သတင်းဌာနက ရေးသားဖော်ပြခဲ့ ပါသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း ဂရိနိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းစဉ်များအား ပြောကြား ခဲ့ပါသည်။ ထို့ပြင် ဂရိနိုင်ငံသည် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်ကတည်းက ယူကရိန်းနှင့်အတူ ရပ်တည်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့ပြီး ဂရိနိုင်ငံအနေဖြင့် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာဆက်ဆံရေးကို မြှင့်တင်လုပ်ဆောင်သွားရန် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

No comments:

Post a Comment