Wednesday, April 5, 2023

ပဲ့ထိန်းဒုံးကျည်သစ်သည်မြေပြင်စစ်ဆင်ရေးနှင့် ရေတပ်စစ်ဆင်ရေးများတွင် ပေါင်းစပ်အသုံးပြုနိုင်ခြင်း

 တူကီယဲနိုင်ငံ၏ကာကွယ်ရေးကုမ္ပဏီဖြစ်သော Roketsan ကုမ္ပဏီမှ ထုတ်လုပ် သည့် UAV-230 အမျိုးအစား အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်သစ်သည် လေကြောင်းချီ စစ်ဆင်ရေး၊ မြေပြင်စစ်ဆင်ရေးနှင့် ရေတပ်စစ်ဆင်ရေးများတွင် ပေါင်းစပ်အသုံးပြုနိုင်ကြောင်း Anadolu Agency သတင်းဌာနက ဧပြီလ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ UAV-230 အမျိုးအစား ပဲ့ထိန်းဒုံးကျည်သစ်ကို ပြီးခဲ့သည့်သီတင်းပတ်တွင် ပထမဆုံးဝေဟင် စမ်းသပ်မှု၌အသုံးပြုခဲ့ရာ ကီလိုမီတာ ၁၄၀ (၈၇ မိုင်) အကွာအဝေးမှ ပစ်မှတ်ကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါသည် ၎င်းသည် မြင့်ပေနှင့် မြန်နှုန်းပေါ်မူတည်၍ စစ်ဆင်ရေးအကွာအဝေး အလိုက် ကီလိုမီတာ ၁၅၀ (၉၃ မိုင်) ကျော်အထိ ပစ်ခတ်နိုင်ပြီး အလေးချိန် ၄၂ ကီလိုဂရမ်ရှိ ထိပ်ဖူးများ၊ သံချပ်ကာဖောက်ထိပ်ဖူးများနှင့် ဖျက်အားပြင်းထိပ်ဖူးများကဲ့သို့သော ထိပ်ဖူး အမျိုးအစားများ တပ်ဆင်အသုံးပြုနိုင်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment