Monday, July 10, 2023

တူကီယဲသမ္မတနှင့် ဆွီဒင်ဝန်ကြီးချုပ် တို့တွေ့ဆုံခဲ့ခြင်း

    တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် ( Recep Tayyip Erdogan) နှင့် ဆွီဒင်ဝန်ကြီးချုပ် အူဖ်ဂျာမာအဒ်ခရစ်တာဆန် (Ulf Hjalmar Ed Kristersson) တို့သည် NATO ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ဗြိတိန်၌ ဇူလိုင်လ ၉ ရက်တွင် တွေ့ဆုံခဲ့ကြောင်း TASS သတင်းဌာနက ဇူလိုင်လ ၁၀ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအတွင်း ခရစ်တာဆန်အနေဖြင့် ၎င်းတို့နိုင်ငံအား NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရန်အတွက် တူကီယဲ ထံမှ ထောက်ခံမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားနိုင်ဖွယ်ရှိသည်ဟုလည်း ၎င်းသတင်းဌာနက ဖော်ပြထားရှိပါသည်။ ဆွီဒင်သည် အမေရိကန်ဦးဆောင်သည့် NATO အဖွဲ့သို့ဝင်ရောက်ရန် ၂၀၂၂ ခုနှစ်၊ မေလတွင် အဆိုတင်သွင်းခဲ့သော်လည်း တူကီယဲနိုင်ငံမှ ကန့်ကွက်ခဲ့ခြင်းကြောင့် အောင်မြင်မှုရရှိခြင်းမရှိသေးကြောင်း သိရှိရ ပါသည်။

No comments:

Post a Comment