Monday, July 10, 2023

ဆွီဒင်၏ NATO အဖွဲ့ဝင်ဖြစ်ရေးကမ်းလှမ်းချက်ကို တူကီယဲက သဘောတူညီခဲ့ခြင်း

Politico.eu;Jul-10(Mon)

တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဇူလိုင်လ ၁၀ ရက်တွင် ဆွီဒင်နိုင်ငံအား NATO အဖွဲ့သို့ဝင်ရောက်မှုကို ကန့်ကွက်သည့် ကိစ္စရပ်နှင့်ပတ်သက်၍ ရပ်တန့်ရန်နှင့် တူကီယဲလွှတ်တော်တွင် အဆိုပါကိစ္စရပ်အား အမြန်ဆုံးအတည်ပြုချက်လက်မှတ်ရေးထိုးနိုင်ရန်တို့ကို လုပ်ဆောင်မည်ဟု သဘောတူညီခဲ့ ကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘာ့ဂ် (Jens Stoltenberg) က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ဆွီဒင်နိုင်ငံသည် မကြာမီအချိန်အတွင်း NATO အဖွဲ့ဝင်ဖြစ်လာမည်ဟု ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပပြုလုပ်သည့် NATO ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးမတိုင်မီ ၎င်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် သမ္မတ အာဒိုဂန်အနေဖြင့် ဆွီဒင်၏ NATO အဖွဲ့သို့ဝင်ရောက်ခွင့်အတွက် ပြတ်သားသော ကတိကဝတ်ကိုပေးခဲ့ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

တူကီယဲ၊ ဆွီဒင်နှင့် NATO တို့၏ ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်တွင် ဆွီဒင်နိုင်ငံသည် ကာ့ဒ်အလုပ်သမားပါတီ (PKK) အပေါ် ပစ်မှတ်ထားသည့် အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဥပဒေများကိုပြောင်းလဲခဲ့ပြီး တူကီယဲသို့ လက်နက် တင်ပို့မှုပြန်လည်စတင်ခဲ့ကြောင်း အလေးပေးဖော်ပြခဲ့ပါသည်။ တူကီယဲနှင့် ဆွီဒင်နိုင်ငံ တို့သည် “နှစ်နိုင်ငံလုံခြုံရေးကဏ္ဍသစ်”ကိုဖန်တီးရန် သဘောတူညီခဲ့ကြပြီး ဆွီဒင်သည် အကြမ်းဖက်မှုကို နည်းမျိုးစုံဖြင့် ဆက်လက်တိုက်ဖျက်ရန် လမ်းပြမြေပုံအသေးစိတ် အချက်အလက်များကို တင်ပြမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဂျန်စတိုတန်ဘာ့ဂ်သည် NATO တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထူးညှိနှိုင်းရေးမှူးရာထူးအသစ်ကိုထားရှိရန်လည်း သဘော တူညီခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment