KBS; Jul-12(Wed)
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယောလ် (Yoon Suk-yeol) သည် လစ်သူရေးနီးယားနိုင်ငံ၌ မြောက်အတ္တလန္တိတ်စာချူပ်အဖွဲ့ (NATO) ၏ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် နော်ဝေ၊ နယ်သာလန်၊ ပေါ်တူဂီ၊ နယူးဇီလန်၊ ဟန်ဂေရီ၊ ရိုမေးနီးယားနှင့် ဆွီဒင် နိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တစ်ဦးချင်းသီးခြားတွေ့ဆုံဆွေးနွေးမှုများကို ဇူလိုင်လ ၁၁ ရက်တွင် စတင်ပြုလုပ်ခဲ့ကြောင်း KBS သတင်းဌာနက ဖော်ပြခဲ့ပါသည်။ နော်ဝေ ဝန်ကြီးချုပ် ဂျိုးနက်စ်ဂါးစတို (Jonas Gahr Støre) နှင့်တွေ့ဆုံမှုအတွင်း တောင်ကိုရီးယား နိုင်ငံအနေဖြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လက်နက်ထုတ်လုပ်မှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် မျှော်မှန်းထားလျက်ရှိကြောင်းနှင့် မြောက်ကိုရီးယား နိုင်ငံ၏ ရန်လိုမှုများအား နိုင်ငံတကာအသိုက်အဝန်းမှ ညီညွတ်သည့် တုံ့ပြန်မှုတစ်ရပ် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သမ္မတ ယွန်းက ပြောကြားခဲ့ပါသည်။ နော်ဝေ နိုင်ငံအနေဖြင့်လည်း ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများအပါအဝင် ကမ်းလွန် လေစွမ်းအင်၊ ဟိုက်ဒရိုစွမ်းအင်နှင့် ကာဗွန်လျှော့ချမှုစွမ်းအင်ဆိုင်ရာ နည်းပညာပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် မျှော်မှန်းထားလျက်ရှိကြောင်း ဂါးစတိုက ပြောကြားခဲ့ပါသည်။ သမ္မတ ယွန်းနှင့် နယ်သာလန်ဝန်ကြီးချုပ် မက်ခ်ရူတီ (Mark Rutte) တို့၏ တွေ့ဆုံမှု အတွင်း နှစ်နိုင်ငံအစိုးရများအကြား ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်ရေးနှင့်အတူ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် သဘောတူညီခဲ့ကြပါသည်။
ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယိုလူးဝစ်ဆန်တို့စ်ဒါကော့စတာ (Antonio Luis Santos da Costa) နှင့် တွေ့ဆုံမှုအတွင်း ပေါ်တူဂီနိုင်ငံအနေဖြင့် တောင်ကိုရီးယားရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် မျှော်မှန်းချက် ရှိကြောင်း ကော့စတာက ပြောကြားခဲ့ပြီး တောင်ကိုရီးယားနိုင်ငံအနေဖြင့်လည်း နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန်လိုအပ်သည့် ထောက်ပံ့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယွန်းက ပြောကြားခဲ့ပါသည်။ ထို့ပြင် အထက်ပါတွေ့ဆုံမှု များအတွင်း တောင်ကိုရီးယားနိုင်ငံသည် ရုရှား-ယူကရိန်းပဋိပက္ခအား အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ကြိုးပမ်းမှု များတွင် ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ဘူဆန် (Bustan) မြို့တွင် ပြုလုပ်မည့် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ကုန်စည်ပြပွဲ (World Expo) အတွက် တောင်ကိုရီးယားအစိုးရ၏ အားထုတ်မှု များကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထောက်ပံ့ပေးရန် သမ္မတ ယွန်းက တောင်းဆို ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment