Wednesday, July 12, 2023
လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဝေဟင်ပိုင်နက်များကို NATO အဖွဲ့စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရေး သဘောတူညီ ခဲ့ခြင်း
လစ်သူရေးနီးယား၊ လတ်ဗီးယားနှင့် အက်စတိုးနီးယားနိုင်ငံတို့သည် ၎င်းတို့၏ ဝေဟင်ပိုင်နက်များကို NATO အဖွဲ့စစ်ဆင်ရေးများတွင် အသုံးပြုနိုင်ရေး သဘောတူညီ ခဲ့ကြောင်း TASS သတင်းဌာနက ဇူလိုင်လ ၁၂ ရက်တွင် ဖော်ပြခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်သည် ၎င်းတို့နိုင်ငံများ၏ ဝေဟင်ပိုင်နက်ကာကွယ်ရေးခိုင်မာစေရန် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ကင်းလှည့်မစ်ရှင်များနှင့် အကြီးစား စစ်ရေးလေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်လာနိုင်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များအနေဖြင့် ဟန့်တားမှုမရှိဘဲ ဘောလ်တစ်သုံးနိုင်ငံ၏ ဝေဟင်ပိုင်နက်ကို အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လစ်သူရေးနီးယားနိုင်ငံအနေဖြင့် မဟာမိတ်တပ်ဖွဲ့များ အခြေစိုက် နိုင်ရန်အတွက် လေတပ်အခြေစိုက်စခန်း အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေး ယူရိုသန်း ၁၄၀ ကျော် ရင်းနှီးမြှုပ်နှံရန်စီစဉ်ထားကြောင်း သိရှိရပါသည်။
No comments:
Post a Comment