တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) သည် ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန် (Viktor Orban) ၏ ဖိတ်ကြားချက်အရ ဩဂုတ် လ ၂၀ ရက်တွင် ဟန်ဂေရီနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း Trend သတင်းဌာနက ဩဂုတ်လ ၁၄ ရက်တွင် ရေးသားဖော်ပြခဲ့ပါသည်။ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံ အကြား လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ၎င်းတို့နှစ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်ကုန်တွင် ဟန်ဂေရီနိုင်ငံ၊ မြို့တော် ဘူဒါပတ်စ် (Budapest) ၌ ကျင်းပပြုလုပ်မည့် ဟန်ဂေရီ-တူကီယဲ အဆင့်မြင့်မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေးကောင်စီ၏ အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment