Sunday, August 13, 2023

လတ်ဗီးယားဝန်ကြီးချုပ်သည် ရာထူးမှနုတ်ထွက်ကြောင်း သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း

     လတ်ဗီးယားဝန်ကြီးချုပ် ကာရစ်ဂျန်နစ်ကာရီနက် (Krisjanis Karins) သည် ရာထူးမှနုတ်ထွက်ကြောင်း သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပါတီစုံဖြင့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းထားသည့် သူ၏အစိုးရပြိုကွဲသွားခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။ ညွန့်ပေါင်းအစိုးရတွင်ပါဝင်သည့် မိတ်ဖက်ပါတီများအနေဖြင့် နိုင်ငံစီးပွားရေးတိုးတက်မှုအတွက် လုပ်ဆောင်မှုများကို တားဆီးဟန့်တားမှုများရှိခဲ့ကြောင်း ကာရင်က ပြစ်တင်ဝေဖန်ခဲ့ပါသည်။ မေလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် ညွန့်ပေါင်းပါတီများ ပူးပေါင်း၍ သမ္မတလောင်းတစ်ဦး အမည်စာရင်းတင်သွင်းရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ဖြစ်ခဲ့ရပြီးနောက် ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း ဆက်ဆံရေးတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment