တူကီယဲနိုင်ငံသို့ ရုရှားသမ္မတပူတင် သွားရောက်မည့်ခရီးစဉ်အတွက် ရက်ညှိနှိုင်းသတ်မှတ်မှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း တူကီယဲသမ္မတ၏ အကြံပေး ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့ပါသည်။ တယ်လီဂရမ်ချန်နယ်တစ်ခုက သြဂုတ်လ ၁၆ ရက်တွင် ဖော်ပြခဲ့မှုအရ ရုရှားသမ္မတပူတင်နှင့် တူကီယဲသမ္မတ အာဒိုဂန်တို့သည် သြဂုတ်လ ၃၁ ရက်တွင် တူကီယဲနိုင်ငံ၌တွေ့ဆုံနိုင်ကြောင်း သတင်းရင်းမြစ်အချို့ကို ကိုးကား၍ရေးသားဖော်ပြခဲ့ပါသည်။ ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) ကမူ တွေ့ဆုံမည့်နေရာနှင့်ပတ်သက်၍ ဆွေးနွေးနေဆဲဖြစ်ကြောင်းနှင့် တူကီယဲနိုင်ငံဖြစ်ရမည်ဟူ၍ သတ်မှတ်ထားခြင်းမျိုး မရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment