Thursday, August 10, 2023

ဆာဘီးယားသမ္မတသည် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားခြင်း

     ဆာဘီးယားသမ္မတ အလက်ဇန်ဒါးဘူစစ် (Aleksandar Vucic) သည် အောက်တိုဘာလတွင် တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး တရုတ်နိုင်ငံတွင် ရုရှားသမ္မတဗလာဒီမာပူတင် (Vladimir Putin) နှင့်လည်း တွေ့ဆုံနိုင်ဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း Tass သတင်းဌာနက ဩဂုတ်လ ၁၁ ရက်တွင် ရေးသားဖော်ပြခဲ့ ပါသည်။ ယခုနှစ်ကုန်တွင် လွန်စွာအရေးပါသည့်မိတ်ဖက်များနှင့် လေးနက်ပြီးအရေး ကြီးသည့် စကားပြောဆိုမှုများပြုလုပ်ရန် မျှော်မှန်းထားကြောင်းနှင့် အောက်တိုဘာလ အတွင်း တရုတ်နိုင်ငံသို့ အရေးကြီးခရီစဉ်တစ်ခုသွားရောက်ရန်ရှိကြောင်း ဗူစစ်က Happy TV ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့ပါသည်။ ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် Republic of Srpska ၏ သမ္မတဖြစ်သူ မီလိုရဒ်ဒိုဒစ် (Milorad Dodik) ကလည်း လာမည့်ဆောင်းဦးရာသီတွင် ရုရှားသမ္မတနှင့် တွေ့ဆုံရန်အတွက် တရုတ်နိုင်ငံသို့သွားရောက်ရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

No comments:

Post a Comment